back

ဝိုင်းမော်တွင် အမှတ် - ၂ ရပ်ကွက်ရှိ ဗေသလဘုရားရှိခိုးကျောင်းဝင်းအတွင်းနေအိမ်တစ်လုံးမီးလောင်

Mar 27 • 7:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဝိုင်းမော်တွင် အမှတ် - ၂ ရပ်ကွက်ရှိ ဗေသလဘုရားရှိခိုးကျောင်းဝင်းအတွင်းနေအိမ်တစ်လုံးမီးလောင်

ယနေ့နံနက် ကိုးနာရီခန့်ကဝိုင်းမော်မြို့၊ အမှတ် - ၂ ရပ်ကွက်ရှိ ဗေသလဘုရားရှိခိုးကျောင်းဝင်းအတွင်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ နေအိမ်အပေါ်ထပ်မှ စတင်မီ...

ယနေ့နံနက် ကိုးနာရီခန့်ကဝိုင်းမော်မြို့၊ အမှတ် - ၂ ရပ်ကွက်ရှိ ဗေသလဘုရားရှိခိုးကျောင်းဝင်းအတွင်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ နေအိမ်အပေါ်ထပ်မှ စတင်မီးလောင်ခဲ့ခြင်းဖြစ်သော်လည်း အကြောင်းအရင်း အတိအကျမသိသေးကြောင်း မီးငြိမ်းသတ်ရေးလုပ်ငန်းတွင် သွားရောက်ကူညီခဲ့သည့် မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူက ပြောပြပါတယ် ။၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း မီးလောင်မှု ၁၁၅၀ ကြိမ်ဖြစ်ပွားခဲ့ရာ လျှပ်စစ်မီးနှင့် ပေါ့ဆမီးကြောင့် မီးလောင်မှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၉၉ ဦးရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။




news-view-count-icon

22