back

တရုတ်ခရီးစဉ်မှာ DeepSeek ကို ချီးကျူးခဲ့တဲ့ တင်မ်ကွတ်

Mar 27 • 4:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်ခရီးစဉ်မှာ DeepSeek ကို ချီးကျူးခဲ့တဲ့ တင်မ်ကွတ်

Apple CEO ကတော့ တရုတ်ရောက်တုန်း DeepSeek အစွမ်းကိုပါ ချီးကျူးသွားပါတယ်။ တင်မ်ကွတ်က ဇန်နဝါရီသုံးလပတ် ကုမ္ပဏီဝင်ငွေရလဒ် ရှင်းတမ်းကြေညာတုန်းကလည်း DeepSeek ကို ရည...

Apple CEO ကတော့ တရုတ်ရောက်တုန်း DeepSeek အစွမ်းကိုပါ ချီးကျူးသွားပါတယ်။ တင်မ်ကွတ်က ဇန်နဝါရီသုံးလပတ် ကုမ္ပဏီဝင်ငွေရလဒ် ရှင်းတမ်းကြေညာတုန်းကလည်း DeepSeek ကို ရည်ရွယ်ပြီး "အလုပ်ဖြစ်ပြီး ထိရောက်တဲ့ တီထွင်ဆန်းသစ်မှုက ကောင်းတဲ့အရာ" လို့ ပြောခဲ့ပါတယ်။ အခု တရုတ်ပြည်ရောက်ချိန်မှာလည်း DeepSeek ရုံးစိုက်တဲ့ ဟန်ကျိူးအထိ သွားလည်ခဲ့တယ်လို့ ဆိုပါတယ်။ဟန်ကျိူးဆိုတာ တရုတ်ရဲ့ နည်းပညာဇုံလို့ ပြောရမယ့် မြို့ပါ။ ကမ္ဘာကျော် Alibaba Group ရုံးစိုက်တဲ့ ဒီမြို့မှာ "နဂါး ၆ ကောင်" လို့ တင်စားထားတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီ ၆ ခုလည်း ရှိပါတယ်။ နဂါး ၆ ကောင်လို့ တင်စားခံရတဲ့ ကုမ္ပဏီတွေက AI ကုမ္ပဏီ DeepSeek ၊ Manycore Tech ၊ စက်ရုပ်ကုမ္ပဏီ Unitree Robotics ၊ DEEP Robotics ၊ Neuralink စတိုင် အာရုံကြောသိပ္ပံကုမ္ပဏီ BrainCo နဲ့ ဝူခုန်းဂိမ်းကုမ္ပဏီ Game Science တို့ပါ။ တင်မ်ကွတ်ရဲ့ ဟန်ကျိူးခရီးစဉ်မှာ ဒီကုမ္ပဏီတွေနဲ့ တွေ့မတွေ့တော့ မသိရပါဘူး။ ဟန်ကျိုးကို ရောက်တုန်း တင်မ်ကွတ်က Zhejiang University က ကျောင်းသားတွေနဲ့ တွေ့ခဲ့သလို ကျောင်းကိုလည်း ယွမ်သန်း ၃၀ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီကျောင်းက DeepSeek founder လျန် ဝမ်ဖန်းနဲ့ PDD Holding e-commerce လုပ်ငန်းစုသူဌေး ကောလင်းဟွမ်တို့ တက်ခဲ့တဲ့ ကျောင်းပါ။ ၂၀၂၅ အတွက် တင်မ်ကွတ်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်က Apple Intelligence တရုတ်မှာ သုံးခွင့်ရဖို့ကိစ္စအပြင် ရှန်ဟိုင်းမှာ developer ကွန်ဖရင့် ကျင်းပဖို့လည်း ပါပါတယ်။ Apple ရဲ့ ရှန်ဟိုင်း developer ကွန်ဖရင့်မှာ Apple Intelligence အကြောင်း တရုတ် developers တွေကို အသေးစိတ် ပြောသွားဖို့ ရှိပါတယ်။



news-view-count-icon

12