back

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို မဲခွဲမှု ရှုံးနိမ့်

Mar 27 • 4:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို မဲခွဲမှု ရှုံးနိမ့်

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မတ်လ ၂၆ ရက်က လွှတ်တော်တွင် သူ့အပေါ် အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရခဲ့ပြီး သူ၏ ဖခင်ဖြစ်သူ ဘီလျံနာဝန်က...

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မတ်လ ၂၆ ရက်က လွှတ်တော်တွင် သူ့အပေါ် အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရခဲ့ပြီး သူ၏ ဖခင်ဖြစ်သူ ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ရုပ်သေးရုပ်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံပါတီများ၏ စိန်ခေါ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ တိုင်းပြည် စီမံခန့်ခွဲမှုအတွေ့အကြုံမရှိသေးသည့် အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ်ကို အတိုက်အခံများက တိုက်ခိုက်ခဲ့သည့် နှစ်ရက်ကြာ အချေအတင် စကားစစ်ထိုးပွဲအပြီးတွင် လွှတ်တော်အမတ်များက အဆိုကို ထောက်ခံမဲ ၁၆၂ မဲ၊ ကန့်ကွက်မဲ ၃၁၉ မဲ၊ ကြားနေ ၇ မဲတို့ဖြင့် ဖြုတ်ချခဲ့သည်။



news-view-count-icon

13