၂၇.၃.၂၀၂၅ ရက်ယနေ့၊ ၁၀ နာရီ၂၁မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မာလာကြီးကျေးရွာအုပ်စု၊ သိမ်ကုန်းကွင်းတွင် မြက်ခြောက် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၂၉မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



