ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အောင်ပန်း-တောင်ကြီးလမ်း Happy city အဆင်းလမ်းမှာ Light track ကားနဲ့ ဆိုင်ကယ်တိုက်မိခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ မတ်လ၂၆ရက်နေ့ ည၇နာရီအချိန်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသား နှစ်ဦးထဲက တစ်ဦးမှာနေရာမှာပင် သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။ ယာဥ်တိုက်မှုကြောင့် သေဆုံးသူဟာ အောင်ပန်းမြို့နယ် မြို့ဟောင်းရပ်ကွက်နေသူဖြစ်ပြီး သေဆုံးသူရုပ်ခန္ဓာ ကို နာရေးကူညီမူအသင်းအောင်ပန်းက အောင်ပန်းဆေးရုံကြီးရင်ခွဲရုံကို ကူညီပို့ ဆောင်ပေးထားတယ်လို့ သိရပါတယ်။



