ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက် ရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ဖြစ်စဉ်မှာ မတ် ၂၆ရက်နေ့ ည ၁၀း၁၅ အချိန်ခန့်က ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)၊ တပင်ရွှေထီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ တာဝန်ရှိသူများမှသွားရောက်၍ မီးငြိမ်းသတ် ခဲ့ရာ ည ၁၀နာရီ၃၀မိနစ် အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၀နာရီ၃၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကာ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ပိုင်ရှင်မှာ ဦးကျော်မင်း၊ ၆၅နှစ်၊ တပင်ရွှေထီး(၂)လမ်း၊ နယ်မြေ(၁၉)၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ်ပြီး မီးလောင်မှုအား စစ်ဆေးခဲ့ရာ အိမ်အတွင်းရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့်လူ၊တိရိစ္ဆာန်ထိခိုက် မှုမရှိကြောင်း သိရပါတယ်။
Mar 27 • 3:04 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 9 | 0 | 0 | 0 |


