Amazon က ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲတွေကို အမေရိကန် ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူပြီးတဲ့နောက်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးတော့မှာဖြစ်ပြီး Bond 26 လို့ အမည်ပေးထားပါတယ်။ အရင်ပရိုဂျူဆာတွေဖြစ်တဲ့ မိုက်ကယ် ဂျီ ဝီလ်ဆန် နဲ့ ဘာဘရာ ဘရိုကိုလီတို့ကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ တွဲဖက်ပိုင်ရှင်တွေအဖြစ် ဆက်လက်တည်ရှိနေပေမဲ့ အခုဆို Amazonက နောက်ထုတ်လုပ်မယ့်ဇာတ်ကားတွေအားလုံးကို အပြည့်အဝထိန်းချုပ်လိုက်ပါပြီ။ နောက်ထွက်ရှိမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားဟာဆိုရင် ဘတ်ဂျက် ပေါင်သန်း၂၅၀ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဇာတ်ကားအသစ်က ၂၀၂၇ ခုနှစ်ကုန်မှာ ထွက်ရှိဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
| 18 | 0 | 0 | 0 |


