ထိုင်းအစိုးရသည် စစ်တပ်ကိုပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။ လွှတ်တော်တွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည့် ဒုတိယနေ့ဖြစ်သော မတ်လ ၂၆ ရက်တွင် ဖွမ်သမ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
| 19 | 0 | 0 | 0 |


