သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် တပ်ကုန်းမြို့ရှိ အောင်ဆန်းခန်းမ၌ ကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုကာ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ တိုင်းရင်းဆေးပေးခန်းနှင့် ပြည်သူ့ကျန်းမာရေးဆေးခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



