ရန်ကုန် မတ် ၂၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်) ၏ (၂၇) ကြိမ်မြောက်နှင့် (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို နံနက် ၉ နာရီတွင် လည်းကောင်း၊ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး၊ သူနာပြု ပါရဂူ၊ မဟာသိပ္ပံ၊ ဒီပလိုမာ၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (အဝေးသင်)၊ သူနာပြုသိပ္ပံ (ပုံမှန်) နှင့် အထူးပြု သူနာပြု ဒီပလိုမာ သင်တန်း အောင်မြင်သူများကို ဘွဲ့များ အပ်နှင်းခဲ့ကြောင်း သိရသည်။



