ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အကယ်ကြီးကျို့ကုန်းကျေးရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၀၈ ဒသမ ၄၃၂ သန်းဖြင့် တည်ဆောက်ခဲ့သော ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်တွင် ကျင်းပခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကုန်ထုတ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။



