ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်ကျင်းပသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၂၃ ရက်မှ ၂၉ ရက်အထိ ည ၈ နာရီမှစ၍ ခုနစ်ရက်တိုင်တိုင် ကျင်းပခဲ့ရာ နိုင်ငံကျော်အနုပညာရှင်များ၏ အငြိမ့်၊ ဇာတ်သဘင်၊ DJ နှင့် တေးဂီတ ဖျော်ဖြေရေးများဖြင့် စည်ကားသိုက်မြိုက်ခဲ့ပြီး ဘုရားဖူးလာပြည်သူ ၃,၅၀၀ ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။



