ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊သူနာပြုတက္ကလ်၊ ရန်ကုန်၏ (၂၇)ကြိမ်မြောက် နှင့်(၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို၂၀၂၅ခုနှစ်၊ မတ်လ (၂၆) ရက်၊ နံနက် ၉ နာရီ တွင်လည်းကောင်း၊ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်းလွဲ ၁ နာရီ တွင် လည်းကောင်း ရန်ကုန်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။ ယခုနှစ်ဘွဲ့နှင်းသဘင်အပါအဝင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည့် သူနာပြုဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့(၃)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ (၂၅၉)ဦး၊ အထူးပြု သူနာပြု ဒီပလိုမာဘွဲ့ရရှိသူ (၉၃၆)ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၅၅၄၉)ဦးတို့ကို အောင်မြင်စွာ လေ့ကျင့် ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။



