back

လျှို့ဝှက်အချက်အလက်များ ပေါက်ကြားခဲ့သော်လည်း အမျိုးသားလုံခြုံရေးအဖွဲ့ကို ယုံကြည်ဆဲဖြစ်ကြောင်း ထရမ့်ဆို

Mar 26 • 8:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

လျှို့ဝှက်အချက်အလက်များ ပေါက်ကြားခဲ့သော်လည်း အမျိုးသားလုံခြုံရေးအဖွဲ့ကို ယုံကြည်ဆဲဖြစ်ကြောင်း ထရမ့်ဆို

ယီမင်နိုင်ငံသို့ တိုက်ခိုက်မှုဆိုင်ရာ လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုအရှုပ်တော်ပုံပေါ်ပေါက်ခဲ့သော်လည်း သူ၏အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များအားလုံးကို ယုံကြည်...

ယီမင်နိုင်ငံသို့ တိုက်ခိုက်မှုဆိုင်ရာ လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုအရှုပ်တော်ပုံပေါ်ပေါက်ခဲ့သော်လည်း သူ၏အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များအားလုံးကို ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။"ခင်ဗျားတို့ ဝေဖန်နေတဲ့ ဒီလူက အခုအချိန်မှာ တော်တော်ကောင်းတဲ့လူပါ" ဟု အမေရိကန်ခေါင်းဆောင်က အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ မိုက်ခ်ဝေါ့ဇ် ကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။ "သူဟာ တော်တော်ကောင်းတဲ့လူဖြစ်ပြီး ဒီမှာပဲ အလုပ် ဆက်လုပ်ကောင်းလုပ်နေမှာပါ။"ဟု သူကပြောသည်။


news-view-count-icon

17