မတ် ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စုရှိ ကျုံတာကျေးရွာနှင့် သရွတ်ကြီးကျေးရွာကို ဆက်သွယ်ပေးသည့် ကွန်ကရစ်တံတားသစ်ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါတံတားသည် အလျားပေ ၁၀၀၊ အကျယ်ပေ ၂၀ ရှိပြီး၊ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖြစ်ကြောင်း သိရသည်။



