မတ်လ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များမှ တရားမဝင်သစ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော အမှုတွဲအရေအတွက်မှာ ၉၃ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၀၉၅,၂၅၄,၅၉၄ ရှိသည်။



