မတ်လ ၂၄ ရက်နေ့မှာ မကွေးတိုင်း၊ ချောက်မြို့နယ်တခုသာ ၄၁.၁°C နဲ့ မြန်မာနိုင်ငံက အပူချိန်အမြင့်ဆုံးမြို့အနေနဲ့ ဆက်လက်တွေ့နေရပြီး၊ ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ အမြင့်ဆုံးအပူချိန်က ၄၀°C အောက်ဘက်မှာသာရှိနေတာတွေ့ရပါတယ်။Weather Station များက ရရှိတဲ့ အချက်အလက်တွေမှာတော့ လေထုစိုထိုင်းဆမြင့်မားပြီး မြေပြင်လေတိုက်ခတ်ခြင်းလျော့နည်းတဲ့ ဒေသတွေမှာ ခံစားရတဲ့အပူချိန်(Temperature Felt or Apparent Temperature)က နေ့လည်/နေ့ခင်းအချိန်တွေမှာ အမြင့်ဆုံး ၄၆°C မှ ၄၈°C နီးပါးမြင့်တက်နေတာတွေ့ရပါတယ်။ ခံစားရတဲ့အပူချိန် မြင့်တက်ခြင်းအများဆုံးနေရာတွေက မင်္ဂလာဒုံ၊ မရမ်းကုန်းနဲ့ လှည်းကူးမြို့နယ်တွေမှာဖြစ်ပါတယ်။



