back

ကျွန်းလှမြို့နယ်၌ နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Mar 24 • 2:21 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျွန်းလှမြို့နယ်၌ နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် နွ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ကျွန်းလှမြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ တောင်သူ‌ တွက်ခြေကိုက်သီးနှံဖြစ်သည့် မိုးမျှော်ငရုတ်နှင့် ကုလားအော်ငရုတ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ အထွန်နှုန်းကောင်း မျိုးများစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


news-view-count-icon

14