back

မန္တလေးမြို့မှ သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ ကားလက်မှတ်အခက်အခဲမရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်

Mar 24 • 1:14 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့မှ သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ ကားလက်မှတ်အခက်အခဲမရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်

သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရေး ကားလက်မှတ် ပုံမှန်နှုန်းထားများဖြင့် အခက်အခဲမရှိစေရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးဆသင်္ကြန်ရ...

သင်္ကြန်အတွက် နေရပ်ပြန်ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရေး ကားလက်မှတ် ပုံမှန်နှုန်းထားများဖြင့် အခက်အခဲမရှိစေရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးဆသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ယာဉ်အသင်းများမှ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့မှ ပြေးဆွဲမည့် ယာဉ်အစီးရေကို ဧပြီ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများကောက်ယူသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်ဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


news-view-count-icon

15