back

တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် မြို့တွင်းချောင်း(၆) ချောင်းရှိ အမှိုက်များရှင်းလင်း

Mar 24 • 1:13 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် မြို့တွင်းချောင်း(၆) ချောင်းရှိ အမှိုက်များရှင်းလင်း

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့အတွင်း လာမည့် မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် မြို့တွင်းချောင်း (၆)ချောင်းရှိ အမှိုက်များရှင်းလင်းလျက်ရှိကြောင်း သိရ...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့အတွင်း လာမည့် မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် မြို့တွင်းချောင်း (၆)ချောင်းရှိ အမှိုက်များရှင်းလင်းလျက်ရှိကြောင်း သိရသည်။ထို့အပြင် ချောင်းများအတွင်းစည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်နေသူများတွေ့ရှိပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အမိန့်ထုတ်ပြန်ထားသည်။ထိုသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ အမြင်မကောင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်မှု မရှိခြင်း၊ အနံ့အသက် မကောင်းခြင်း၊ကျန်းမာရေး ထိခိုက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်းတို့ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


news-view-count-icon

14