စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မော်ဒယ် ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ဆန်းစစ်ချက်ဖြေဆိုခဲ့သော ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူ များအား ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။မတ်လ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တွင် ပြင်ပရှုခင်းပုံရေးဆွဲခြင်းကို ဆန်းစစ်ချက်ဖြေဆိုမည်ဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း သင်ခန်းစာ လက်တွေ့ ဆန်းစစ်ချက်များဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။



