၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲစဉ်ကို မနက်ဖန်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာမြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် မတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။အဆိုပါ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမည်ဖြစ်သည်။



