လိပ်စာတွင် အတည်အကျနေထိုင်ခြင်းမရှိသူများနှင့် စာ/ပါဆယ်လက်ခံရန် အဆင်မပြေသူများအတွက် စာတိုက် (၁၄၉)ရုံးတွင် စာတိုက်သေတ္တာများထားရှိပေးထားသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက အသိပေးထားသည်။အသုံးပြုလူသူများအနေဖြင့် ကနဦးမှတ်ပုံတင်ခ ကျပ်(၁၀,၀၀၀)ပေးသွင်းရမည်ဖြစ်ကာ နှစ်စဉ်ကြေးအဖြစ် ကျပ် (၁၂,၀၀၀)ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ စာတိုက်သေတ္တာငှားရမ်းခြင်းဝန်ဆောင်မှုသည် လိပ်စာတွင် အတည်အကျနေထိုင်ခြင်းမရှိသူများ၊ လိပ်စာတွင် စာ/ပါဆယ်လက်ခံရန် အဆင်မပြေသူများ၊ အချိန်မရွေးကိုယ်တိုင်ထုတ်ယူနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုရှိခြင်း၊ သက်တမ်းရှိသည့် ကာလအတွင်း ရက်အကန့်အသတ်မရှိ ထုတ်ယူနိုင်ခြင်း၊ ရပ်နီးရပ်ဝေး နေရာအသီးသီးမှ ပေးပို့လာသည့် စာ/ပါဆယ်များကို စုစည်းထုတ်ယူနိုင်မည်ဖြစ်သည်ဟု အသိပေးချက်တွင် ပါရှိသည်။



