မုံရွာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို မတ်လ ၂၄ရက်၊ နံနက် (၁၀)နာရီက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ မုံရွာမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။



