၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမနေ့ကို မတ်လ ၂၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် သုဝဏ္ဏကွင်းတွင် မနက်ဖြန် ညနေ ၅ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် စသည့် နိုင်ငံရေးအကျပ်အတည်းပြင်းထန်နေသော နိုင်ငံများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။



