လုပ်ငန်းခွင်တွင် အဓမ္မစေခိုင်းခံနေရသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။MSF သည် အလုပ်သမားဝန်ကြီးဌာနကျင်းပသည့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖေါ်ရေး အမျိုးသားကော်မတီ အစည်းအဝေးတွင် သင်္ဘောသားများ၏ အခက်အခဲများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။“သင်္ဘောသားဘဝကို စတင်မည့် လူငယ်များ အဓမ္မခိုင်းစေခံရမှုဖြစ်ပေါ်ပါက MSF အဖွဲ့ချုပ်ထံကို ကိုယ်တိုင်လာရောက်တိုင်ကြားနိုင်သည်” ဟု MSF မှ ပြောကြားခဲ့သည်။ထို့ပြင် သင်္ဘောပေါ်တွင် ထိခိုက်ဒဏ်ရာရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ်ခြင်းစသည့် ပြဿနာများရှိပါက MSF ထံသို့ ဆက်သွယ်ကူညီမှုတောင်းခံနိုင်ကြောင်း သိရှိရသည်။



