back

ကရင်ပြည်နယ် ဇွဲကပင်တောင်တောမီးလျော့ကျပြီး မီးခိုးငွေ့အနည်းငယ်သာကျန်ရှိ

Mar 24 • 9:17 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ် ဇွဲကပင်တောင်တောမီးလျော့ကျပြီး မီးခိုးငွေ့အနည်းငယ်သာကျန်ရှိ

ဇွဲကပင်တောင်တွင် မတ် ၂၃ ရက်နေ့က ဖြစ်ပွားသည့် တောမီးလောင်မှုသည် မတ် ၂၄ ရက်တွင် သိသာစွာ လျော့ကျခဲ့ပြီး မီးခိုးငွေ့အနည်းငယ်သာကျန်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထ...

ဇွဲကပင်တောင်တွင် မတ် ၂၃ ရက်နေ့က ဖြစ်ပွားသည့် တောမီးလောင်မှုသည် မတ် ၂၄ ရက်တွင် သိသာစွာ လျော့ကျခဲ့ပြီး မီးခိုးငွေ့အနည်းငယ်သာကျန်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထိုတောင်တန်းဒေသတွင် နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် မီးတောက်ပြင်းထန်မှုကြောင့် ဒေသခံများစိုးရိမ်မှုများခဲ့သည်။လတ်တလောအခြေအနေအရ မီးတောက်များအားလုံး မမြင်ရတော့ဘဲ မီးလောင်မှုအခြေအနေ ထိန်းချုပ်နိုင်သွားပြီး ဇွဲကပင်တောင်ရှိ ဟိုတယ်များတွင်လည်း ဧည့်သည်များ ပုံမှန်အတိုင်း တည်းခိုနေထိုင်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၁၁၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၉ ဦး၊ ဒဏ်ရာရသူ ၁၃၈ ဦးရှိသည့်အပြင် မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၉၀၀၀ ကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့၏ စာရင်းအရ သိရသည်။


news-view-count-icon

11