၂၃.၃.၂၀၂၅ ရက်နေ့၊ ၁၉ : ၃၈ အချိန်ခန့်၊ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂)နှင့် ခွဲရုံ(၂)ကြားတွင် တောမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဉတ္တရနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၀ :၂၈ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရပါသည်။



