(၂၃.၃.၂၀၂၅)ရက်နေ့ သတင်းစဉ်
အထူးဒေသ(၁)လားရှိုမြို့၏အထင်ကရနေရာတစ်ခုဖြစ်သော ရပ်ကွက်(၃)၊သုခလမ်းရှိ ညဈေးတန်းကို(၂၃.၃.၂၀၂၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီးညဈေးတန်းတွင် ညနေခင်း(၃:၀၀)နာရီကျော်မှစတင်ကာဈေးခင်းခွင့် ပြုထားပြီးမနက်(၆:၀၀)နာရီတွင်ဈေးသိမ်းရမည်ဖြစ်သော်လည်း လက်ရှိဈေးခင်းရောင်းချနေသူများက ည(၉:၀၀)အထိသာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ယခင်ကဲ့သို့ ဆိုင်ခန်းအားလုံး မဖွင့်သေးသော်လည်း အစားအသောက်၊အဝတ်အထည်၊အသီးအနှံဆိုင်ခန်းများ တစ်ချို့စတင်ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်သည်။အထူးဒေသ(၁)လားရှိုးမြို့တွင် လက်ရှိအနေအထားအရ စည်ကားသာယာလျက်ရှိပြီး ရိုးရာပွဲတော်များကျင်းပပေးနေသည်။လာမည့်(၄)ပိုင်း(၁၃.၄.၂၀၂၅)ရက်နေ့တွင်ကျရောက်မည့် မဟာသင်္ကြန်ရေကစားပွဲတော်ကိုလည်း ယိမ်းအကပြိုင်ပွဲများ၊ရိုးရာအကအလှများ၊အကျွေးအမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



