ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်တွင် အထူးစီမံချက်ဖြင့် လောင်းကစားဝိုင်းဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား (၂၁)ဦး ဖမ်းဆီးခံရကြောင်း သိရပါတယ်။
စူရတ်ဌာနီခရိုင်အတွင်းရှိ ကျေးရွာတစ်ခုတွင် လောင်းကစားဝိုင်းတစ်ခုကို ၂၀၂၅ ခုနှစ် မတ်လ (၂၂)ရက်နေ့ ညပိုင်းက ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၂၁)ဦးနှင့် ထိုင်းနိုင်ငံသား (၂)ဦးကို ဖမ်းမိခြင်းဖြစ်ကာအဆိုပါ ဖမ်းဆီးမှုအတွင်း ငွေသား (၂၈,၅၅၀) ဘတ်နှင့် ဖဲချပ်များကို သက်သေအဖြစ် သိမ်းဆည်းသွား၍ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် တရားမဝင်လောင်းကစားမှုဖြင့် အရေးယူမည်ဖြစ်ပါတယ်။


