သရုပ်ဆောင် ပိုးကြာဖြူခင်ဟာသူမက ဒီအမွှာလေး ရလာတာကို အရမ်းကိုတန်ဖိုးထားခဲ့တာဖြစ်ပြီးUltrasound ရိုက်အပြီးမှာ ရေမွှာအိတ် ၂ ခု ၊ အချင်း ၂ ခုလည်း ပါတာကြောင့် အမွှာဖြစ်ပေမယ့် ကလေးလေးတစ်ယောက်တည်းပဲ နှလုံးခုန်နေတာကိုတွေ့ရတာကြောင့် ၂ ပတ်အကြာမှာ USG ပြန်ရိုက်ဖို့ ချိန်းဆိုခဲ့တာလည်းဖြစ်ရာအမွှာ နှစ်ယောက်မှာ တစ်ယောက်က မအောင်ဖို့ ရာခိုင်နှုန်းများနေပေမယ့် အသက်ရှင်နေဖို့ သူမက နေ့တိုင်းဆုတောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ဒီကြားထဲမှာလည်း သဘာဝအတိုင်းရလာတဲ့ အမွှာလေးမို့ အရမ်းချစ်ပြီး တန်ဖိုးထားကာ ငြိမ်ငြိမ်လေးနေပြီး ဂရုစိုက်နေပေမယ့် သွေးဆင်းတာတွေရှိနေလို့ နှလုံးခုန်နေတဲ့ ကလေးလေးကိုပါ စိုးရိမ်လာတယ်လို့ သူမကပြောပါတယ်။ စိန်ဥဥလေး ငိုရင်တောင် ရင်နာခံပြီး မချီပဲပစ်ထားမိတဲ့အထိ ယခုကိုယ်ဝန်ကို ဂရုစိုက်နေခဲ့ရာ မတ်လ ၂၅ ရက်နေ့ သဘက်ခါဆိုရင် Ultrasound ထပ်ရိုက်ရမယ့်နေ့ကိုရောက်တော့မှာမို့ သူမ လက်မခံချင်ပေမယ့် အဖြေတစ်ခုကိုကြားသိရတော့မှာပဲဖြစ်ပါတယ်။ 
သရုပ်ဆောင် ပိုးကြာဖြူခင်ဟာသဘာဝအတိုင်း ရလာတဲ့ အမွှာလေးမို့ အရမ်းတန်ဖိုးထားပေမယ့် လက်မခံနိုင်လည်း လက်ခံရတော့မယ့် နေ့ကို ရောက်လာတော့မယ်ဆိုလာ
Mar 23 • 9:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 51 | 0 | 0 | 0 |


