နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြလိုက်သည်။ ပြီးခဲ့သည့် မတ်လဆန်းကမှ ရုရှားနှင့် ဘီလာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့သည့် နိုင်ငံတော်၏ခေါင်းဆောင်သည် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့ ပါဝင်သော ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ကို အတည်ပြုခဲ့သည်ဟုလည်း ဖော်ပြထားသည်။



