Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်က ဩစတြေးလျမှာစတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာတလွှား ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကို အမှီပြုနေကြရတဲ့လူတိုင်း၊ ကမ္ဘာကြီးအတွက် အကောင်းဖြစ်စေမဲ့ အရာတခုခု၊ သစ်ပင်စိုက်တာပဲဖြစ်ဖြစ်၊ စွမ်းအင်သုံးစွဲမှုလျှော့ချတာပဲဖြစ်ဖြစ် မိနစ် ၆၀ လောက် လုပ်ဆောင်ပြီးတော့ ပါဝင်ဆင်နွှဲနိုင်ကြပါတယ်။



