အိမ်ဖြူတော်မှ ဦးစီးဦးဆောင်ပြုပြီး TikTok အမေရိကန်လုပ်ငန်းကဏ္ဍ ဝယ်ယူရေးကို လုပ်ဆောင်လျက်ရှိရာ ဝယ်ယူလိုကြောင်း ကမ်းလှမ်းသူများတွင် TikTok ၏ မိခင်လုပ်ငန်း ByteDance ၌ ရှယ်ယာများ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်မဟုတ်သည့် ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်သည်။TikTok အမေရိကန်လုပ်ငန်းကဏ္ဍကို တသီးတခြား ခွဲထုတ်ပြီး တရုတ်ပိုင်ဆိုင်မှုကို ၂၀% ထက် မပိုရဟု ပြဋ္ဌာန်းထားသည့် အမေရိကန်ဥပဒေ၏ သတ်မှတ်ချက်နှင့်အညီ ထားရှိမည်ဟု အဆိုပြုထားသည်။ အဆိုပါ ခွဲထုတ်မည့် အစီအစဉ်ကို ByteDance တွင် ရင်းနှီးမြှုပ်နှံထားပြီး ByteDance ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ကြသည့် Susquehanna International Group မှ Jeff Yass နှင့် General Atlantic မှ Bill Ford တို့က အိမ်ဖြူတော်တွင် ဦးဆောင်ဆွေးနွေးလျက် ရှိသည်။



