ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုများအတွက် အရေးကြီးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ယမန်နေ့က နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် “ကမ္ဘာ့ရေနေ့ ၂၀၂၅” အခမ်းအနားတွင် ပြောကြားသည်။



