back

ဂျပန်ကလျှပ်စစ်မီး မလိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကိုလာအရောင်းစက်

Mar 23 • 5:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်ကလျှပ်စစ်မီး မလိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကိုလာအရောင်းစက်

မီးမရတဲ့နေရာတွေနဲ့ ကိုက်တဲ့ အအေးရောင်းစက်ကို Coca-Cola ကုမ္ပဏီက တီထွင်လိုက်ပါတယ်။ မီးမလိုဘဲ ဟိုက်ဒရိုက်ဂျင် cartridge တောင့်နဲ့ အအေးရောင်းတဲ့ စက်ကို ပါဝါပေးမယ့်...

မီးမရတဲ့နေရာတွေနဲ့ ကိုက်တဲ့ အအေးရောင်းစက်ကို Coca-Cola ကုမ္ပဏီက တီထွင်လိုက်ပါတယ်။ မီးမလိုဘဲ ဟိုက်ဒရိုက်ဂျင် cartridge တောင့်နဲ့ အအေးရောင်းတဲ့ စက်ကို ပါဝါပေးမယ့် နည်းပညာပါ ဒီနည်းပညာကို ဂျပန်ကုမ္ပဏီ Fuji Electric နဲ့ Coca-Cola တို့ ပေါင်းပြီး ဖန်တီးထားပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ထုတ်တဲ့ cartridge အိမ်ကြောင့် စက်က နေရာတော့ နည်းနည်းပိုယူလာမှာပါ။ ကောင်းတဲ့အချက်က မီးမလိုဘဲ လေထဲက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဓါတ်ပြုပြီး လျှပ်စစ်ထုတ်နိုင်တာပါ။ ဟိုက်ဒရိုဂျင် Cartridge က ဘယ်လောက်ကြာကြာ အသုံးခံပြီး ဘယ်အချိန် အသစ်လဲရလဲတော့ မသိပါဘူး။ ဒီစက်တွေကို လာမယ့် ဧပြီ ၁၃ ရက်နေ့ ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပမယ့် World Expo 2025 မှာ ပြသသွားဖို့လည်း ရှိပါတယ်။ ပြပွဲမှာ Coca-Cola က ဒါမျိုးစက်ပေါင်း ၅၈ ခုအထိ တပ်ဆင်သွားမှာ ဖြစ်ပြီး စက်ရဲ့ဘေးမှာ ဟိုက်ဒရိုဂျင်ပါဝါရဲ့ အလုပ်လုပ်ပုံကို ဖော်ပြတဲ့ display လည်း ပါမယ်လို့ ဆိုပါတယ်။ 


news-view-count-icon

24