လျှပ်စစ်ကားအမှတ်တံဆိပ် Neta ကို ပိုင်ဆိုင်သည့် Hozon New Energy Automobile သည် ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဟူသော ကောလာဟလများကို ငြင်းဆိုထားသည်။ "Hozon Auto ၏ R&D အဖွဲ့ကို ဖျက်သိမ်းခြင်းနှင့်ပတ်သက်သည့် လတ်တလော ထွက်ပေါ်နေသည့် ကောလာဟလများသည် သတင်းအမှားများဖြစ်သည်"ဟု လူမှုကွန်ရက် ပလက်ဖောင်း Weibo တွင် ပို့စ်တင်ထားသည်။ "ကျွန်ုပ်တို့သည် ကုန်ကျစရိတ်များကို ပိုမိုဖြတ်တောက်ပြီး အဖွဲ့အစည်းနှင့် လုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြင့် စွမ်းဆောင်ရည်ကို တိုးတက်စေပါသည်။"ဟု ဆိုသည်။ အွန်လိုင်း ကောလာဟလများအရ သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့သည် မေလ ၃၀ ရက်နေ့ တွင် အပြီးအပိုင် ဖျက်သိမ်းတော့မည် ဖြစ်သည်။ ဝန်ထမ်းအင်အား ၁,၇၀၀ ခန့်ရှိပြီး ၂၀၀ ဝန်းကျင်ကို အလုပ်ဖြုတ်ရန် စီစဉ်နေသည်။



