ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်။ ယိမ်းပြိုင်ပွဲတွင် ကျောင်းသားများ၊ အစိုးရဌာနများနှင့် အလွတ်တန်းအသင်းများ ပါဝင်ယှဉ်ပြိုင်မည်။ ပြိုင်ပွဲဝင်အသင်းများသည် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွင် စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိရှိလိုပါက သတ်မှတ်ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်သည်။



