Mitsubishi Motors Corp သည် အီးဗီများ တပ်ဆင်ထုတ်လုပ်ရန် အခြားလုပ်ငန်းတခုကို ကန်ထရိုက်စနစ်ဖြင့် အလုပ်အပ်နှံရန် စီစဉ်နေပြီး လောလောဆယ်တွင် ထိုင်ဝမ်မှ Foxconn ကို ရွေးချယ်ထားသည်။Foxconn သည် iPhone အပါအဝင် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆာဗာများ အစရှိသည်တို့ကို ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ပေးသည်။ ယခင်အမည်မှာ Hon Hai Precision Industry ဖြစ်သည်။



