ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်းအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ အသက် (၂၈) နှစ်အရွယ်ရှိ ရာဖင်ညာသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အထူးခြေစွမ်းပြနေပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုကို ရရှိရန်ပင် ရေပန်းစားနေသည်။ သို့သော် ရာဖင်ညာက ၎င်းအနေဖြင့် ဘာစီလိုနာအသင်းမှထွက်ခွာရန် နီးစပ်ခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ခ်နှင့် ဖုန်းပြောဖြစ်ခဲ့ခြင်းကြောင့်သာ အသင်းတွင် ဆက်ရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



