2025-26 Myanmar Women League အမှတ်ပေးအမျိုးသမီးဘောလုံးပြိုင်ပွဲကို လာမည့် ဧပြီလ ၁ ရက်တွင် အသင်း ကိုးသင်းဖြင့်ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ကြို ပြင်ဆင်သည့်အနေဖြင့် ISPE အသင်းနှင့် သစ္စာအားမာန် အသင်းတို့သည် မတ်လ ၂၂ ရက်နေ့ ညနေက ကျိုက္ကဆံကွင်းတွင် ခြေစမ်းကစားခဲ့ကြပြီး ISPE အသင်းက ၄ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။



