ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၂၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အငြိမ်းစားဝန်ထမ်းများအား လိုက်လံနှုတ်ဆက်အားပေးပြီး ဆေးကုသမှုအခြေအနေ၊ လိုအပ်ချက်များကို မေးမြန်းကာ ဆေးဝါးနှင့်စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်ထောက်ပံ့မှုများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



