နေပြည်တော်၌ စွမ်းအင်ဝန်ကြီးဌာနနှင့် Standard Well (နည်းစနစ်ကျတွင်း) တူးဖော်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပကာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်သယံဇာတအပါအဝင် နိုင်ငံတော်၏ သယံဇာတများကို ပြည်သူများအကျိုးအတွက် စနစ်တကျစီမံခန့်ခွဲရန်နှင့် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များအား အားပေးကူညီရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး၊ Standard Well တူးဖော်ခြင်းဆိုင်ရာ နည်းပညာများ၊ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။



