back

မန္တလေးတွင် ၂.၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းမိ

Mar 23 • 1:14 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတွင် ၂.၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် ဒေသကာလတန်ဖိုး ၂.၂ ဘီလီယံကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅.၁ သိန်း ကို ဖ...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် ဒေသကာလတန်ဖိုး ၂.၂ ဘီလီယံကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅.၁ သိန်း ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။မတ် ၁၄ ရက်နေ့တွင် ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့် မှစတင်ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်စစ်ဆေးရာ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိနေအိမ်များတွင် ထပ်မံရှာဖွေသိမ်းဆည်း ခဲ့သည်။စုံစမ်းစစ်ဆေးမှုတွင် မူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းသို့ သယ်ယူရောင်းဝယ်နေမှု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဆေးသယ်ယူမှုတွင် ပါဝင်သူများအား မူးယစ်ဆေးဝါးဥပဒေအရ အရေးယူ လုပ်ဆောင်နေပြီး တခြားပါဝင်သည့် တရားမဝင်အဖွဲ့များအား ဆက်လက်စုံစမ်း လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ 


news-view-count-icon

15