မြန်မာနိုင်ငံသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာသည့် တရုတ်၊ အီသီယိုးပီးယားနှင့် ကင်ညာနိုင်ငံသား စုစုပေါင်း ၁၇၂ ဦး ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ထိန်းသိမ်းမှုများကို ကရင်ပြည်နယ်၊ မြဝတီမြို့ - မယ်ထော်သလေးနယ်မြေ အတွင်းတွင် ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းလောင်းကစား၊ လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ထဲမှ ပါဝင်သူများဖြစ်နိုင်ခြေရှိသည်ဟု တွဲဖက်စစ်ဆေးနေသည်။၂၀၂၅ ဇန်နဝါရီ ၃၀ မှ မတ် ၂၂ အထိ မြန်မာနိုင်ငံတွင် စုစုပေါင်း ၈၀၄၂ ဦး ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၅၁၄၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ခဲ့ပြီးဖြစ်သည်။ ကျန်ရှိသည့် ၂၈၉၅ ဦးကိုလည်း စနစ်တကျ ပြန်လည်လွှဲပြောင်းပေးရန် ပြင်ဆင်ထား ကြောင်း သတင်းရရှိသည်။



