၂၂.၃.၂၀၂၅ ရက်ယနေ့၊ ၁၀ နာရီ၅၈ မိနစ်အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ အမှတ်(၃)လမ်းမဘေးတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီးမြန်မာစံတော်ချိန်၁၁ နာရီ၀၈ မိနစ်အချိန် တွင်မီးငြိမ်းနိုင်ခဲ့ပါတယ်။



