နီပေါ - မြန်မာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုပြပွဲအခမ်းအနားကို မတ်လ၂၁ရက်နေ့တွင် ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပခဲ့ပါတယ်။ ယခုကျင်းပသည့် နီပေါ - မြန်မာကုန်သွယ်မှုနှင့် ခရီးသွားလာမှုပြပွဲသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၆၅) နှစ်မြောက် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှု ယခုထက် ပိုမိုတိုးတက်နိုင်ရေးအတွက် အပြန်အလှန် ကုန်သွယ်မှုပြုလုပ်ရန် အလားအလာရှိသည့် ကုန်စည်အမယ်များကို ဖော်ထုတ်၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှုတို့ တူညီသည့် နိုင်ငံများ ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍအပြင် ခရီးသွားကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက် သွားလိုပါကြောင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်သွားရမည်ဖြစ်ပါကြောင်း၊ နီပေါ - မြန်မာနှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများ အပြန်အလှန် ကျင်းပနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်များ၊ နီပေါ စက်မှုလက်မှုကုန်သည်ကြီးအသင်းဥက္ကဋ္ဌနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ အသင်းအဖွဲ့- ကုမ္ပဏီ ၃၀ နှင့် နီပေါနိုင်ငံမှ ကုမ္ပဏီ ၁၆ ခု တို့က ပြခန်းများ ခင်းကျင်းပြသကြပြီး ပြပွဲကို မတ် ၂၂ ရက်အထိ ခင်းကျင်းပြသမည်ဖြစ်ပါတယ်။
ရန်ကုန်မြို့၌ နီပေါနဲ့ - မြန်မာ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တွင်ကျင်းပခဲ့
Mar 22 • 5:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


