မတ်လ ၂၀ ရက် ကြာသပတေးနေ့ ညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲမှာ ဘာရိန်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဆိုင်တာမာမြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂျပန်အသင်းဟာ ကွင်းလယ်လူ ကာမာဒါ၊ တောင်ပံတိုက်စစ်မှူး ကူဘိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာရိန်းအသင်းကို အနိုင်ရခဲ့တာပါ။ အခုနိုင်ပွဲကြောင့် ဂျပန်အသင်းဟာ အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့် Group (B) မှာ ၇ ပွဲကစား ၆ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။



