back

တရုတ်တွင် မူကြိုအရွယ်မှစပြီး AI နည်းပညာကို သင်ကြားနေ

Mar 21 • 4:34 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်တွင် မူကြိုအရွယ်မှစပြီး AI နည်းပညာကို သင်ကြားနေ

တရုတ်နိုင်ငံဟာ DeepSeek founder လို လူတော်တွေ မွေးထုတ်နိုင်ဖို့အတွက် မြို့တော်ဘေဂျင်းရှိ မူကြိုနဲ့ မူလတန်းကျောင်းတိုင်းမှာ AI သင်ခန်းစာတွေ ထည့်သင်ပြီး AI နည်းပည...

တရုတ်နိုင်ငံဟာ DeepSeek founder လို လူတော်တွေ မွေးထုတ်နိုင်ဖို့အတွက် မြို့တော်ဘေဂျင်းရှိ မူကြိုနဲ့ မူလတန်းကျောင်းတိုင်းမှာ AI သင်ခန်းစာတွေ ထည့်သင်ပြီး AI နည်းပညာကို မျိုးဆက်သစ် ကလေးတိုင်း တတ်မြောက်အောင် သင်ကြားပေးနေပါတယ်။ အသက် ၆ နှစ်အရွယ်ကစပြီး AI ပညာသင်ပေးမယ့် ဒီစီမံကိန်းကို အခုစာသင်နှစ်မှာ စတင်မှာဖြစ်ကာ ပညာသင် နှစ်တိုင်းမှာ အနည်းဆုံး AI သင်ခန်းစာ ၈ နာရီ သင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီသင်တန်းတွေကနေ AI chatbots နဲ့ တခြား tools တွေ သုံးနည်းကို သင်ပေးသွားမှာဖြစ်သလို AI နည်းပညာဆိုင်ရာ သိသင့်တဲ့ ဗဟုသုတတွေနဲ့ AI ကျင့်ဝတ်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။


news-view-count-icon

17