ယနေ့ မတ်လ(၂၁)ရက် ညပိုင်းတွင် ကျင်းပသည့် ONE Fri day Fight -101 ပွဲစဉ်တွင် ရိုးရာဖိုက်တာ အဲမွီနှင့် အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန်တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ရိုးရာဖိုက်တာ အဲမွီမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ရသည်။ ယနေ့ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ အဲမွီမှာ ပြိုင်ဘက်ဖြစ်သူ ၏ တံတောင်ရို-က်ချက်ကြောင့် နဖူးကွဲဒဏ်ရာရရှိခဲ့သလို ပြိုင်ဘက်ဖြစ်သူ အာဟာဗက်ဂေါ်ဒွန်မှာလည်း အဲမွီ၏ ခြေကန်ချက်နှင့် လက်သီးချက်များကို အလူးအလဲ ခံခဲ့ရသည်။ ရိုးရာဖိုက်တာ အဲမွီသည် ONEက ပြုလုပ်သည့် ယခုပွဲစဉ်အပါအဝင် (၄)ပွဲထိုး(၂)ပွဲနိုင် (၂)ပွဲရှုံးရလဒ်ထွက်ပေါ်ထားပြီဖြစ်သည်။



